Monday 12 December 2011

တောဘုန်းကြိးနဲ့ ကျောင်းသားများ


သီတင်းကျွတ် စာဝါခဏပိတ်ထားလို့ ရွာအလည်ပြန်သွားတော့ ဆရာသမားကလည်း အလှူတခုကြွတာနဲ့ ကျောင်းရှိကိုရင်လေးကျောင်းသားလေးများကိုအုပ်ချုပ်ခွင့်အာဏာကုန်လွှဲပေးထားခဲ့တာပေါ့ ။ နေ့ဆွမ်းစားပြီး ကုဋင်ပေါ်ခဏအနားယူရင်း မဂ္ဂဇင်းတစ်အုပ်ဖတ်နေတုန်း ကျောင်းသားလေးတစ်ယောက်ကပြေးလာပြီး အော်ကြီးဟစ်ကျယ်နဲ့လှမ်းလျှောက်တယ်  ဦးဇင်းဘုရား ဦးဇင်းဘုရား ဖိုးလုံးနဲ့ ဂွတိုတို့ရန်ဖြစ်နေကြတယ်ဘုရား ! အေးအေး ဘာလို့ရန်ဖြစ်ကြတာလဲကွ ဆိုတော့ ဘုရားဆွမ်းတော်ပွဲလုကောက်ကြရင် ရန်ဖြစ်ကြတာဘုရား ! ဟေ ! အေးအေး ရန်ဖြစ်တဲ့ကျောင်းသားနှစ်ယောက် ဒုတ်ကိုယ်စီကောက်(ရှာ)ပြီး လာခဲ့ကြလို့ ပြောလိုက်ကွာ ။နေဦးနေဦး ကိုရင်ကျောင်းသားအားလုံးလည်းလာခဲ့ကြဦးလို့ ပြောလိုက်  ဒီကောင်တွေကလည်း ရီတော့ရီရတယ် သူတို့ကိုအပြစ်ပေးဖို့ ဒုတ်ရှာခဲ့ဆိုရင်

Thursday 1 December 2011

လွတ်လပ်ရေး

တိုင်းပြည်လွတ်လပ်လည်း
မလွတ်ပြည်သူ၊ သည်တမူတည့်
ပြည်သူလွတ်လည်း၊ မလွတ်တိုင်းပြည်
သည်တမည်တည့်-။

တိုင်းပြည်လည်းလွတ်၊ ပြည်သူလွတ်သည်
အထွဋ်တိုင်တည်၊ ထက်နတ်ပြည်တည့်
တိုင်းပြည်မလွတ်၊ ပြည်သူမလွတ်သည်
ရှေးဝဋ်ကြမ္မာ၊ ငရဲရွာတည့်-။

အို --ရဲဘော်