လမင်းသို့ ဒိုင်ယာလောခ့်
***မျှော်လင့်ချက်ဆီးနှင်းတွေကို
အရည်ဖျော်ပစ်မယ့် နံနက်ခင်းနဲ့မဆုံချင်ဘူး
တိမ်ရောင်စုံတွေ အုပ်စုဖွဲ့ပျံသန်းလို့
ပုဇွန်ဆီရောင်ညနေခင်းကလက်ပြခွဲခွါ
ပိန်းပိတ်အောင်မှောင်လာမယ့်ညတဖက်မှာ
တောက်ပရွှန်းမြတဲ့ လမင်းရှိနေတယ် …..၊၊
***ပွယောင်းယောင်း ဆန္ဒတစုံနဲ့
အဆိပ်သင့် အနာဂတ်နေ့တွေကြောင့်
စွဲလမ်းမှု ကမ်းပါးစွန်းက
တဖြည်းဖြည်းနိမ့်ဝင် ပျောက်ကွယ်မသွားပါနဲ့
ဘောလုံးတပွဲလို