သီတင်းကျွတ် စာဝါခဏပိတ်ထားလို့ ရွာအလည်ပြန်သွားတော့ ဆရာသမားကလည်း အလှူတခုကြွတာနဲ့ ကျောင်းရှိကိုရင်လေးကျောင်းသားလေးများကိုအုပ်ချုပ်ခွင့်အာဏာကုန်လွှဲပေးထားခဲ့တာပေါ့ ။ နေ့ဆွမ်းစားပြီး ကုဋင်ပေါ်ခဏအနားယူရင်း မဂ္ဂဇင်းတစ်အုပ်ဖတ်နေတုန်း ကျောင်းသားလေးတစ်ယောက်ကပြေးလာပြီး အော်ကြီးဟစ်ကျယ်နဲ့လှမ်းလျှောက်တယ် ဦးဇင်းဘုရား ဦးဇင်းဘုရား ဖိုးလုံးနဲ့ ဂွတိုတို့ရန်ဖြစ်နေကြတယ်ဘုရား ! အေးအေး ဘာလို့ရန်ဖြစ်ကြတာလဲကွ ဆိုတော့ ဘုရားဆွမ်းတော်ပွဲလုကောက်ကြရင် ရန်ဖြစ်ကြတာဘုရား ! ဟေ ! အေးအေး ရန်ဖြစ်တဲ့ကျောင်းသားနှစ်ယောက် ဒုတ်ကိုယ်စီကောက်(ရှာ)ပြီး လာခဲ့ကြလို့ ပြောလိုက်ကွာ ။နေဦးနေဦး ကိုရင်ကျောင်းသားအားလုံးလည်းလာခဲ့ကြဦးလို့ ပြောလိုက် ဒီကောင်တွေကလည်း ရီတော့ရီရတယ် သူတို့ကိုအပြစ်ပေးဖို့ ဒုတ်ရှာခဲ့ဆိုရင်
ဝိဘဇ္ဇ၀ါဒီ
မောင်နန္ဒ(သီတဂူ)
Monday 12 December 2011
Thursday 1 December 2011
Thursday 15 September 2011
လမင်းသို့ဒိုင်ယာလောခ့်
လမင်းသို့ ဒိုင်ယာလောခ့်
***မျှော်လင့်ချက်ဆီးနှင်းတွေကို
အရည်ဖျော်ပစ်မယ့် နံနက်ခင်းနဲ့မဆုံချင်ဘူး
တိမ်ရောင်စုံတွေ အုပ်စုဖွဲ့ပျံသန်းလို့
ပုဇွန်ဆီရောင်ညနေခင်းကလက်ပြခွဲခွါ
ပိန်းပိတ်အောင်မှောင်လာမယ့်ညတဖက်မှာ
တောက်ပရွှန်းမြတဲ့ လမင်းရှိနေတယ် …..၊၊
***ပွယောင်းယောင်း ဆန္ဒတစုံနဲ့
အဆိပ်သင့် အနာဂတ်နေ့တွေကြောင့်
စွဲလမ်းမှု ကမ်းပါးစွန်းက
တဖြည်းဖြည်းနိမ့်ဝင် ပျောက်ကွယ်မသွားပါနဲ့
ဘောလုံးတပွဲလို
Sunday 11 September 2011
စာပလွေ မောင်းမှာပိုက်ပါလို့ အပိုင်း (၂)
စာပေကျမ်းဂန် ပိဋကတ်တွေ သိုမှီးထားတဲ့ စာတိုက်သေတ္တာနဲ့ စာတိုက်ဘီရိုတွေကို ဘုန်းတော်ကြီးကျောင်းတွေထဲက ဇေတ၀န်ဆောင် ပိဋကတ်တိုက်တွေထဲမှာ သိမ်းရပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ စည်ပင်ဖွံ့ဖြိုးတိုးတက်ထွန်းကား ခဲ့တဲ့ ပုဂံခေတ်တုန်းက ဘုန်းတော်ကြီးကျောင်းတွေ မှာတင်မကပဲ ပိဋကတ်တိုက် သီခြားတည်ဆောက်ပြီး သိမ်းဆည်းရလောက်အောင်အထိ စာပေကျမ်းဂန် ပိဋကတ်တွေ များများစားစား ရှိခဲ့ဖူးတယ်လို့ မှန်းဆရပါတယ်။
စာပလွေ မောင်းမှာပိုက်ပါလို့ အပိုင်း (၁)
‘စာပလွေမောင်းမှာ ပိုက်ပါလို့
ကျောင်းတော်ကိုတဲ့ လိုက်မယ့်ပြင်
ဘယ်စာ ဘယ်နှစ်ဝါ မောင်သင်မတုန်း
ဗျောညွှန့်၊ ကျေးလက်တေး
အမည်မသိ ရှေးစာဆို
ကျောင်းတော်ကိုတဲ့ လိုက်မယ့်ပြင်
ဘယ်စာ ဘယ်နှစ်ဝါ မောင်သင်မတုန်း
ဗျောညွှန့်၊ ကျေးလက်တေး
အမည်မသိ ရှေးစာဆို
မြန်မာ့ရိုးရာ ပေစာထုပ်ရဲ့အပေါ်ဆုံးက ရစ်ပတ်ပြီးထုပ်ပိုးထားတဲ့ ယင်းလိပ်လိုအ၀တ်ကို စစာပလွေလို့ခေါ်ပါတယ်။ ကပလွေ။ ကမ္ပလွေ လို့ လည်းခေါ်ပါတယ်။ ၀ါးတုတ်ချောင်းကလေးတွေကို ‘အတိုင်’ အနေနဲ့ထားပြီး အရောင်အမျိုးမျိုးဆိုးထားတဲ့ ၀ါချည်ကို ‘အဖေါက်’ အဖြစ် ရောစပ် ယက်လုပ်ထားတဲ့ပစ္စည်းပါ။
Wednesday 7 September 2011
Establishment of the Sitagu International Buddhist Academy
Sitagu International Buddhist Academy was founded by the Most Venerable Dr.Ashin Nyanissara, who is also known as Sitagu Sayadaw, Aggamahapandita, Aggamahasaddham-majotikadhaja, Mahadhammakathika- bahujanahitadhara, Aggamahagantha-vacakapandita. The campusis situated in the heart of Myanmar, Sagaing Division, popularly known as Abode of Holy Recluses.
Ph.D. Program (ဒေါက်တာဘွဲ့) မာတိကာ ၁။ ရည်ရွယ်ချက် ၂။ ခေါင်းစဉ်ရွေးချယ်ခြင်း ၃။ ကျမ်းစာရေးရာ၌ အသုံးပြုရမည့်ဘာသာစကား ၄။ Ph.D. ၀င်ခွင့်ရရန် အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း ၅။ ၀င်ခွင့်ရယူခြင်း ၆။ Supervisor ရွေးချယ်ခြင်း ၇။ Ph.D. ကျမ်းစာတင်သွင်းခြင်း ၈။ လူတွေ့စစ်ဆေးခြင်း ၉။ Ph.D. ဘွဲ့ရယူခြင်း ၁၀။ ဘွဲ့အပ်နှင်းခြင်း |
Subscribe to:
Posts (Atom)