လမင်းသို့ ဒိုင်ယာလောခ့်
***မျှော်လင့်ချက်ဆီးနှင်းတွေကို
အရည်ဖျော်ပစ်မယ့် နံနက်ခင်းနဲ့မဆုံချင်ဘူး
တိမ်ရောင်စုံတွေ အုပ်စုဖွဲ့ပျံသန်းလို့
ပုဇွန်ဆီရောင်ညနေခင်းကလက်ပြခွဲခွါ
ပိန်းပိတ်အောင်မှောင်လာမယ့်ညတဖက်မှာ
တောက်ပရွှန်းမြတဲ့ လမင်းရှိနေတယ် …..၊၊
***ပွယောင်းယောင်း ဆန္ဒတစုံနဲ့
အဆိပ်သင့် အနာဂတ်နေ့တွေကြောင့်
စွဲလမ်းမှု ကမ်းပါးစွန်းက
တဖြည်းဖြည်းနိမ့်ဝင် ပျောက်ကွယ်မသွားပါနဲ့
ဘောလုံးတပွဲလို
ပွဲသိမ်းခ၇ာမှုတ်တော့မှ အနိုင်အရှုံးအကြောင်းပြောကြရအောင်
နာကျင်အချိန်ပိုတွေမှာ
ဘ၀အတွက် ရင်ခုန်ချင်သေးတယ်…..၊၊
***တကယ်ဆို ကိုယ်ဟာ
ချိုမြိန်တဲ့ ချစ်ခြင်းဖွဲ့ တေးချင်းတွေ မသီဆိုတက်ဘူး
နောင်တ အကြိမ်ကြိမ်ရပြီး ဘယ်တော့မှ မပြင်ဖြစ်ဘူး
မိုးရွာတိုင်းပွင့်တဲ့ ပန်းတွေကို မလိုချင်ဘူး
အဝေးကွင်းတွေမှာဖိအားကြောင့် ခြေမှန်မပေါ်တက်ဘူး…..၊၊
***ဂျိုးအထပ်ထပ်ကပ်
ဆင်ခြေဖုံးရပ်ကွက်ထဲက လဖက်ရည်ခွက်လို
ဘ၀ကို အဖန်ဖန်ကွေးညွှတ်ရင်း
အဲဒီလရောင်အောက်က လူတယောက်ဟာ
ကာဒီယိုနူရိုးဆစ်ရောဂါဖြစ်နေတယ်…..၊၊
သားလဒ်
ရှာဖွေတင်ပြ........
No comments:
Post a Comment