Wednesday 24 August 2011

၂၃ နှစ်မြောက် မွေးနေ့လက်ဆောင်


ဒုက္ခတွေ ထည်လဲတွေ့ရတဲ့အခါ
အခွင့်ရှိသေးရင်
ကြားချင်သေးတယ် အဖေ
အဖေ့သွေးကရဲပါတယ်။
အဆင်မပြေမှုတွေနဲ့
ဖက်လှဲတကင်းနေရတဲ့အခါ
မပြီးဆုံးသေးတဲ့ သင်္ခန်းစာတွေအကြောင်း
်ကြားနေရတယ်အမေ။
အကိုကြီးတွေကတော့
သူတို့ယုံကြည်ရာကို ထွန်းညှိရင်း
အမှောင်ထဲမှာ လင်းနေတဲ့အကြောင်း
လူကြုံရှိတဲ့အခါတိုင်း သတင်းပို့တယ်။
ကော့မှူးက အစ်မကြီးအကြောင်း
၁+၆ က အစ်မကြီးတွေအကြောင်းတော့
အသံတိတ်နေတာ ကြာပြီ။
အင်းလေ...
သူတို့လည်း အမှောင်ထဲမှာ
လင်းနေမယ်ဆိုတာ ယုံကြည်ပါတယ်။
အားလုံးပဲ အေးချမ်းကြပါစေ
ဒီနေ့ဆို
သားတို့စောင့်နေတာ
၂၃ တင်းတင်းပြည့်ပြီအမေ။
ကိုသစ်

No comments:

Post a Comment