Saturday 27 August 2011

သာကီတို့၏အတိတ်သမိုင်းစာမျက်နှာ

          ကောလိယမြို.။   ကောလိယနဂရသည် သက္ကတိုင်း၌ ကောလိယပြည်နယ် သာကီဝင် ကောလိယမင်းမျိုးတို.နေထိုင်သည့် မြို.ဖြစ်သည်။ သက္ကတိုင်းတွင်ပြည်နယ် (၂)ခု ရှိသည့်အနက် တစ်ခုသည်ကောလိယပြည်နယ်ဖြစ်သည။် ကောလိယပြည်နှယ် ကောလိယမြို့ဟုဆိုလျှင်မှားမည်မထင်။ အခြားကျန်တစ်ခုသည် ကပိလ၀တ္ထုပြည်နယ်ဖြစ်သည်။ ကောလိယမြို.သည် ကပိလ၀တ္ထုမြို.မှ အရှေ့ဘက်(၁၀)မိုင်ခန့်တွင်တည်ရှိပါသည် ။


ထိုမှတဖန်(၁၇)မိုင်ကျော်တွင်ရာမရွာရှိလေသည်(ရာမမင်းကြီးဆောက်မူလနေထိုင်စဉ်ဆောက်သည့်ရွာကို ‘ရာမရွာ’ဟုခေါ်ဆိုသည်)၊ ကပိလ၀တ္ထုမြို.နှင့် လုမ္ဗိနီသည် ရောဟိနီမြောက်ဘက်ကမ်း၌တည်ရှိ၍ ကောလိယ နှင့်ရာမရွာသည် အရှေ့ဘက်၌တည်ရှိလေသည်။ အရှင်အာနန္ဒာမထေရ်သည် ကောလိယမင်းသားတို.ကို ‘ဗျဂ္ဃမင်းသားတို.’ဟုခေါ်ဝေါ်သုံးနုန်းလေရှိ၏။  

ကောလိယမြို.ကိုကျားတို.သွားရာလမ်းတွင်တည်ဆောက်ထားသဖြင့်‘ဗျဂ္ဃပဇ္ဇမြို.’ဟုလည်းဆိုသည်။ ကောလိလမြို့သည်လာဘ်ပေါများသည့် အရှင်သီဝလိမထေရ် မွေးဖွားရာမြို.ဖြစ်သည်။ ရှင်သီဝလိ၏မိဘများသည် မဟာလိ လိစ္ဆ၀ီနှင့် သုပ္ပ၀ါသာအမည်ရှိ၏။အရှင်သီဝလိသည်ရှေးဘ၀၀ဋ္ဋ်ကြွေးကြောင့်မီးမဖွားနိုင်ဘဲ သုပ္ပ၀ါသာ၏၀မ်းဗိုက်၌ (၇)နှစ်ကြာနေထိုင်ရသူဖြစ်သည်။ကောလိယ လယ်သမားများနှင့်ကပိလ၀တ်လယ်သမားတို့သည် သွေးချောင်းစိးကိန်း ရန်ပွဲကြီးဆင်နွဲနေကြသဖြင့် မြတ်စွာဘု၇ားသည် ကောလိယ နှင့်ကပိလ၀တ် နှစ်ဘက်သော ဆွေမျိုးများထံ ကြွမြန်း၍ (ဥာတတ္ထစရိယ အကျိုးငှာလည်းကောင်း ၊ငြိမ်းချမ်းရေးကိုလိုလားသောကြောင့်လည်းကောင်း)စစ်ပွဲကို ရပ်ခိုင်းစေခဲ့သည်ဟု ကုနာလဇာတ်တော်၍ဖော်ပြထားသည်။ကောလိယမြို.၌ကုက္ကုရ၀တိကသုတ္တန်ကိုလည်းဟောကြား
တော်မူခဲ့သည်။

တစ်ရံသောအခါကပိလ၀တ္ထုမြို.၌ ဥက္ကာမုခါစသော မင်းသားလေးယောက်တို့၏‘ပီယ’အမည်ရှိသည့် နှမတော်သည်နုနာရောဂါစွဲကပ်လေ၏။ အစ်ကိုတို့သည် တောအရပ်သို့ယူဆောင်ပြီးလျှင် မြေပြင်၌မြေပြင်၌တွင်းတူး၍အိမ်အသွင်ပြုလုပ်ကာ၊ အစာတို့ကိုပါထည့်သွင်း၍ ပျဉ်ချပ်တို့ဖြင့်ပိကာထားခဲ့လေသည်။

ထို့နည်းတူ ဗာရာဏသီပြည် ရာမမင်းကြီးသည် နုနာရောဂါစွဲကပ်သဖြင့် သားကြီးအား တိုင်းပြည်ကိုအပ်နှင်းပြီးလျှင်(ပီယမင်းသမီးရှိရာ)တောအရပ်သို့ထွက်ခွာ၍ သစ်ပင်ပေါ်အိမ်ဆောက်ကာ နေထိုင်လေ၏။ ရာမမင်းကြီးသည်တောတွင်းက ဆေးမြစ်တစ်ခုကို စားသုံးမိရာ နုနာရောဂါပျောက်သွားလေ၏။ တစ်နေ့မှာ ကျောက်တစ်ကောင်သည် ပီယမင်းသမီးရှိရာ မြေတွင်းသို့လာရောက်၍ပျဉ်ချပ်တို့ကိုကိုက်လေသော်၊ပိယမင်းသမိးက ခြောက်လန့်အသံပေးလေသည်။ 

ယင်းအသံကိုရာမမင်းကြီးကြား၍ ကျားကိုခြောက်လန့်ကာ မင်းသမီးကိုယူဆောင်လာသည်(အောင်သွယ်တော် ကျားကိုး) ရာမမင်းကြီးက မိမိစားသောဆေးမြစ်ကို မင်းသမိးအား စားစေသည့်အခါ ၊မင်းသမီးလည်း နုနာရောဂါပျောက်ကင်းသွားရှာလေသည်။ 
ရာမမင်းကြီးနှင့် ပိယမင်းသမီးတို့ပျော်ပါးကြရာမှ သုံးကြိပ်နှစ်ယောက်သော(ရဲဘော်သုံးကြိပ်နှစ်ယောက်စွန်း)သားတို့ကိုဖွားမြင်လေ၏။ 

တစ်နေ့တွင်ဗာရာဏသီသား မုဆိုးတစ်ယောက်သည် တောတွင်း၌မင်းကြီးနှင့်တွေ့ဆုံရာ အဖြစ်အပျက်အားလုံးကိုသိရ၍ ဗာရာဏသီဘုရင့်ထံ သံတော်ဥိးတင် လျှောက်ထားသောအခါ သားတော်သည်ခမည်းတော်ရာမမင်းကြီးထံ လာရောက်၍ တိုင်းပြည်ကို ပြန်လည်အပ်နှင်းသောအခါ မင်းကြိးသည် သားတော်အား ‘ငါအလိုမရှိပြီ ဤအရပ်၌မြို့သစ်တည်ဆောက်ပေးလော့ဟု’အမိန့်ရှိသဖြင့်  သားတော်က ‘ကောလ’အမည်ရသည့်သစ်ပင်တို့ကို ရှင်းလင်း၍ မြို့တည်ဆောက်သဖြင့် ကောလနဂရ (ကောလိမြို့)ဟူ၍လည်းကောင်း၊ ကျာတို့၏ ခရီးလမ်းမ၌တည်ဆောက်သဖြင့် ဗျဂ္ဃပဇ္ဇ (ကျားမြို့ဟူ၍)လည်းကောင်းခေါ်ဆိုကြလေသည်။ 


ကောလိယမြို့သည် ယခုခါ ဥတ္တရာ ပရာဒေရှ်(Uttar-Pradesh)ပြည်နယ်၊ ရာပတိ(Rapti/အစိရ၀တီ)မြစ်၏ လက်ရာဘက် (သို့)ဗာဆတီးမြို့မှ ဆယ့်ရှစ်မိုင်ခန့်ဝေးသည့် ရောဟိဏီ(ကိုဟန်)မြစ်၏အရှေ့ဘက်၌တည်ရှိသော ကုန်းမြင့်နေရာဖြစ်သည်။ ထိုကုန်းမြင့်သည် တစ်မိုင်ပတ်လည်(၁၂၃ဧက)အကျယ်ဝန်းရှိသည်ဟု ရှေးဟောင်းသုဒေသနမှတ်တမ်း၌ဖေါ်ပြထားသည်။


‘ကပိလ၀တ္ထု’ဟူ၍ဆိုသည့် ‘နဂရခါရဆ်’အရပ်မှ အရှေ့ဘက် ဆယ့်တစ်မိုင်ခန့်၌‘အမ္ဗ -ကိုးဟီးလ်’ ရွာသည်ရှေးဟောင်း ကောလိယမြို့ ဖြစ်သည်ဟုဆိုသည်။







No comments:

Post a Comment