Friday 26 August 2011

သာကီမှတ်ကျောက်

               သာကီလို့ဆိုလိုက်တာနဲ့ ဒါ ဒို့ (father)မြတ်စွာဘုရားရဲ့မျိုးနွယ်ပါလားလို့ မိမိစိတ်ထဲ ထင်း ကနဲ လင်းကနဲအတွေးစိတ်ဝင်လာမိသည်ဒါထက်သာကီတွေရဲ.အကြောင်းနှင့်၊ဲ့သာကီတိုရဲ့ဖောက်ဖွားရာဒေသ၊သမိုင်းဇစ်မြစ်ကိုအလုံးအ၀သိချင်လာသည် စာဖတ်ပရိသတ်တို့လည်းမိမိလိုသိချင်ကြလိုက်မည်ဟုထင်မြင်မိပါသည်    
သာကီတို့သည် သက္ကတိုင်း၊ကပိလ၀တ္ထုမြို့ (ခေတ်သစ် နိပေါနိုင်ငံ) တွင်စတင်ဖောက်ဖွားခဲ့ဟုသိရှိရပါသည်။
ရှေးအခါက မလ္လတိုင်းကိုအစိုးရသော သြက္ကာကမင်း၏ သာသ္မီး(၉ ယောက်)များသည် ကပိလ၀တ္တုရသေ့၏ ကပိလ၀တ္ထုကျောင်းနေရာ၌မြို့တစ်ဆောက်သဖြင့်”ကပိလ၀တ္တုမြို့“ဟု အမည်ရခြင်းဖြစ်ပါသည်။
သာကီဝင်တို့ကို သက္က၊သကျ၊သာကိယ ဟူ၍ အမည်သုံးမျိုးနှင့်ပြဆိုရာ သားတော်များသည် နှမများနှင့် စုံဖက်ကြသဖြင့် ခမည်းတော်မင်းကြိးက သက္က၀တ ဘော ကုမာရော  ဟု အံ့သြပြောဆိုသည့်စကားအရ ထိုသားတော်များကို  သက္ကမင်းသားများဟု အမည်ပေးကြ၏။ တိုင်ပြည်လည်း သက္ကတိုင်း ဟုအမည်ရလေ၏။ ထို့်နောက် သက္ကမှ  သကျဟူ၍အမည်ရလေသည်။ဘုရား အလောင်းတော်အလီနသတ္တု မင်းဖြစ်စဉ် ကပိလတ္ထုမြို့၌ ဇယသိဒ္ဓိမင်းအုပ်ချုပ်၍ ကပိလ၀တ္ထုမြို့သည် ပဉ္စာလတိုင်း၏မြို့တော်ဟုဆိုသည်။ ကပိလ၀တ္ထုမြို့အနိးတွင် ရောဟိနီမြစ်စိးဆင်းနေသည်။ ထိုရောဟိနီမြစ်သည် ၀ိဋ္ဋဋ္ဋူပနှင့်နောက်လိုက်စစ်သားတွေ သာကီတွေကို နှိမ်နှင်းပြိး၍ စစ်အောင်ပွဲက အပြန်ရေမျှောပါ မြစ်ဖြစ်သည်။     ကပိလနှင့် ကောလိကပြည်နှယ်ကို ပိုင်းခြားထားသည် ။                                             မြို့အနီးတွင်မဟာဝနတောရှိသည်။ကပိလနှင့်ဒေ၀ဒဟအကြား လုမ္ဗိနီဥယျာဉ်ရှိ၏ မြတ်စွာဘုရား နှစ်သက်တော်မူသော ညောင်တော(နိဂြောဓ)စခန်းလည်းရှိသည်။ကာလာမခေမသည် မြတ်စွာဘုရား အတွက် ကျောင်းဆောက်လှူဒါန်းရာ၊နိရောဓာရာမ (နိဂြောဓာရုံ)ကျောင်းဟုအမည်တွင်သည်။ မြတ်စွာဘုရား၏ သီတင်းသုံးဖော်ဟောင်းဖြစ်ခဲ့ဘူးသော သရဏ္ဍုကာလာမရသေ့ ကျောင်းလည်းရှိသည်။ မြတ်စွာဘုရားသည် သံဃာအစည်းအဝေးကြီးကို ကပိလ၀တ္ထုသန္ထာဂါရ (သာကီဝင်းမင်းတို့ တိုင်းပြည်အရေး စည်းဝေးသော)ခန်းမဆောင်၌ကျင်းပခဲ့သည်။   မြတ်စွာဘုရားရှင်၏ခမည်းတော် သုဒ္ဓေါဓနမင်းသည် ကပိလ၀တ္ထုမြို့ ကိုအုပ်ချုပ်၍ နတ်ရွာစံသောအခါ မဟာနာမ်မင်းသား (ဘုရား၏အစ်ကိုဝမ်းကွဲ)အုပ်ချုပ်သည်။ ထိုမင်းလက်ထက်၌ ကပိလ၀တ္ထုမြို့(သက္ကတိုင်း) သည် ကောသလတိုင်း လက်အောက်ခံနိုင်ငံအဖြစ် ကျရောက်သွားကြောင်းကို ဘဒ္ဒသာလဇာတ် အဌကထာ၌ ဖော်ပြထားသည်။ ထို့ကြောင့် သမိးတော်တစ်ပါးဆက်သရန် (အာဏာဖြင့်)တောင်းနိုင်းခြင်းဖြစ်သည်။ ထိုအချိန်မှာ မဟာနာမ်မင်းသည် သမိး(ကျွန်မ)ကိုဆက်သလိုက်သည်။ သာကီဝင်မင်းသာများသည် ကပိလ၀တ္ထုသို. အလည်အပါတ်ရောက်လာသော ၀ိဋ္ဋဋ္ဋူပမင်းသားလေးကို ကြိးသူငယ်နိုင် (ခြေထောက်ကိုင်ရှိခိုးခိုင်း)မတူ၊ုမတန်ခွဲခြားတွေ.ဆုံပြိးကျွန်မသားဟုနှိမ့်ချပြောဆိုခဲ့ကြသည်။ ယင်းဖြစ်ရပ်ကြောင့် ၀ိဋ္ဋဋ္ဋူပသည် ခမည်းတော်ပသေနဒီကောသလင်းမင်းကို ဖယ်ရှားပြီးနောက် ကောလသတိုင်း(သာဝတ္ထိမြို.)ဘုရင်ဖြစ်လာသော အခါ သူ.ကို (ကျွန်မသားဟု)စော်ကား၍သူ.မိခင်ကို (မင်းသမိးဟု)လိမ်ညာပြောဆိုခိုင်းသော သာကီမင်းမျိုးတွေကိုသတ်ဖြတ်လေသည်။  ကပိလ၀တ္ထုမှ ဗာရာဏသီသို.သွားသောလမ်းမကြိးရှိသည်။ အလက(ကုရုတိုင်း)တိုင်းမှ သာဝတ္ထိသို. ဘုရားဖူးလာသော ဗာဝရီပုဏ္ဏား၏တပည့်တို.သည်ဤလမ်းကြီးမှတဆင့်ဖြတ်သန်းသွားလာခဲ့ကြသည်။ သာကီဝင်မင်းများမြတ်စွားဘုရား၏(ဝေစု)ဓာတ်တော်များကို ကပိလ၀တ္ထုမြို.၌စေတီတည်ထားကြသည်။ အိပ်ရာခင်းကိုလည်း ပရိဘောဂစေတီအဖြစ်ပူဇော်ကြသည်။ အာနန္ဒာမထေရ်သည် ကပိလ၀တ္ထုမြို.ကို မဟာနဂရစားရင်းတွင်ထည့်သွင်းခြင်းမပြုသည့်အတွက် ‘မြို.တော်ကြီး’မဖြစ်နိုင်။ မြတ်စွားဘုရား၏ဂုဏ်သတင်းကြိးမားခြင်းကြောင့် ‘ကပိလ၀တ္ထုမြို’တော်ဟူ၍နာမည်ကြီးခြင်းဖြစ်သည်။ ကပိလ၀တ္ထုမြို.သည်ကုန်သွယ်ရေးရာကိစ္စများကိုဘေးဖယ်ထားဖွယ် မရှိနိုင်ဟုဆိုသည်။ သာဝတ္ထိ၊ဥဇ္ဇေနီ၊ရာဇဂြိုလ်တို.နှင့်နိုင်ယှဉ်လျှင် အဘယ်ကြောင့်ကုန်သွယ်ရေး၌မတိုးတက်သည်ကိုသံသယဖြစ်ကြသည်။ ခေတ်သစ်တွင် ကပိလ၀တ္ထုမြို.(၂)ခု ဖြစ်နေ၏ မြို.ဟောင်း နိပေါနိုင်ငံ၊ တိလောရာကုတ်(Tilaurakot) အရပ်တွင်တည်ရှိ၍  မြို.သစ်သည် အိန္ဒိယ နိုင်ငံ၊ပိပရ၀ါး(Piparahwa)တွင်တည်ရှိသည်။ ၀ိဋ္ဋဋ္ဋူပမင်းသားက ကပိလ၀တ္ထုမြို.ကိုဖျက်စိးပြစ်သောအခါ ထွက်ပြေးလွတ်မြောက်သွားသော သာကီမင်းများသည် (နေရာပျောင်း၍) မြို.သစ်တည်ဆောက်ကြဟုဆို၏။ အိန္ဒိယနှင့် နိပေါ (၂)နိုင်ငံရှိလာသောအခါ (သက္ကတိုင်းသည်) နှစ်ပိုင်းကွဲ၍ ကပိလ၀တ္ထုမြို.လည်း နှစ်နေရာဖြစ်လာ၏ သို့အတွက် အိန္ဒိယနှင့် နိပေါသားတွေ အကြား အစစ်၊အတု အငြင်းပွား၍ အနိုင်လိုချင်နေကြသည်  အစစ်ကိုအမှန်ကို  (ဤနေရာတွင)်သမိုင်းထဲက ပစ္စည်းတွေကသာ အဆုံးအဖြတ်ပေးနိုင်ပါသည်။ သိရီဓမ္မာသောကမင်းသည် နိပေါနိုင်ငံ ကပိလ၀တ္ထုမြို.သို့သွားကြောင်းမှတ်တမ်းရှိ၍ အိန္ဒိယနိုင်ငံ ပိုင် ကပိလ၀တ္ထုမြို.သွားခဲကြာင်းမှတ်မရှိဟုဆိုသည်။ ထိုသိရီဓမ္မာသောက မင်းဘုရားဖူးမှတ်တမ်းကိုထောက်ဆသောအားဖြင့် မိမိအနေနှင့် နိပေါနိုင်ငံ ကပိလ၀တ္ထုမြို.က ပို၍မှန်ကန်နိုင်ကြောင်းယုံကြည်မိပါသည်။


No comments:

Post a Comment